Tuesday, June 4, 2013

တစ်မိနစ်လျှင် ၅၀ ကျပ်ပေးဆောင်ရသည့် မိုဘိုင်းဖုန်းအသုံးပြုခကို လျှော့ချပေးမည်

လက်ရှိ ကောက်ခံနေသည့် မိုဘိုင်း ဖုန်း အသုံးပြုခ တစ်မိနစ် ၅၀ ဆို သည်မှာ များပြားမှု ရှိနေကြောင်း၊ ထို့ကြောင့် ဆက်သွယ်ရေးကဏ္ဍ ၌ အော်ပရေ တာများ ယှဉ်ပြိုင် လုပ်ကိုင်ဆောင်ရွက်လာသည့် အခါတွင် မိုဘိုင်းဖုန်း အသုံးပြု ခ နှုန်း ထားများကို လျှော့ ချပေး
ရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။ “Air Time တစ်မိ နစ် ၅၀ ကျပ်ဆိုတာ များနေတယ်။ ဒါကို လျှော့ပေးရမယ်။ အဆောက်အဦး ဆောက်သ လိုပဲ နေ့
ချင်း ညချင်းတော့ ဖြစ်မလာဘူးပေါ့။ တစ်မိနစ် ၅၀ ကျပ်ဆိုတာ လျော့သွား မယ။် အော်ပရေ တာတွေ က သူတို့ကိုယ်တိုင်လည်း ပြိုင်ဆိုင်သွားမှာပဲ။
အစိုးရက စနစ်ကိုပဲ ကိုင်ထားမှာ။ မြန်အောင်လုပ်ပေးတဲ့ အော်ပရေတာ၊ ဈေးသက်သာအောင် လုပ်ပေးတဲ့ အော်ပရေတာကို ခေါ်သွားမှာလေ။ ဈေးကြီးကြီးတောင်းနေရင် မတောင်းရဘူး လို့ ပြောပေး မယ် ဗျာ။ မြန်မြန်မရဘူးဆိုရင် မြန်မြန်ရဖို့ ပြောပေးသွားမယ်ဗျာ”ဟု ဒုတိယ၀န်ကြီး က မီဒီယာများ သို့ ပြောသည်။ အော်ပရေတာများ၏ ပြိုင်ဆိုင်မှုဖြင့် လာမည့် ၂၀၁၅ ခုနှစ်၌ ဆက် သွယ်ရေး ကဏ္ဍများသည် များစွာ ပြောင်းလဲသွားမည်ဟုလည်း ၄င်းက ဆိုခဲ့သည်။ 

ပြိုင်ဆိုင်မည်ဟူသော အော်ပရေတာ လေးခုအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို အသွင်ပြောင်းလဲ ဖွဲ့စည်းထားသည့် အော်ပရေတာတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်း၊ အင်တာနက်နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍများကို ၄င်းတို့ ခန့်အပ်ထားသည့် အော်ပရေတာ လေးခုကသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် Internet ဂျာနယ် တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment