Monday, June 10, 2013

ရာဇာမင်းကား ဓါးမြ တိုက်ခံရသည့် နောက်ဆက်တွဲသတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းေ ကျးရွာ၊ မိုင်တိုင်အမှတ် (၁၅၄/၄) နှင့် (၁၅၄/၅) အကြားတွင် ဇွန်လ (၈) ရက်နေ့ ည (၁၀)နာရီအချိန်ခန့်က ကျိုက္ခမီ မှ ရန် ကုန်ဘက်သို့ ခရီးသည် (၃၀)ဦးခန့် လိုက် ပါ စီးနင်းလာသည့် ယာဉ်မောင်း ဦးဇော် လင်း ထူး (၃၈)နှစ် မောင်းနှင် လာသော ရာဇာမင်း မှန်လုံအမြန် ယာဉ်၊ ယာဉ် အ မှတ် (၈ဇ/၁၁၁၁)အား ယာဉ်ပေါ်စီးနင်း လိုက် ပါလာသည့် အ မည်မသိလူ (၅) ဦး (အဖွဲ့စိစစ်ဆဲ)လက် နက်ငယ်များဖြင့် ပစ် ခတ်ကာ သထုံ မြို့နယ် တောင်စွန်းကျေး ရွာ၊ ဘုရား ကုန်းကြီးကျောင်းကွေ့အနီး၊ အောင်း စိုင်ကျေးရွာရွင်အ၀င်လမ်း (၁) ဖာလုံ ခန့်အထိ မောင်းဝင်ခိုင်းပြီးယာဉ်ပေါ်  ပါခရီးသည် အားလုံး ဆင်းခိုင်းကာ ကားနှင့်ဝါးတစ်ပြန်အကွာ၌ ခေါင်းပေါ် လက်တင်ခိုင်းပြီး ခရီးသည်များ ထံ မှ ရွှေငွေ ပစ္စည်းများ လုယူသွားခဲ့ သည်။

ယင်းနောက် ယာဉ်နောက် လိုက် နိုင် လင်းထွန်း (၂၆) နှစ် အား၊ ကားမီးရှို့ ရန် ဓါတ်ဆီ တိုင်ကီ

ဖွင့်ခိုင်းရာမှ ပစ္စည်းထည့်သည့် ဘောက်(စ်)နှင့် မှားယွင်းစွာဖွင့်ပေးခြင်းအတွက် ဦးခေါင်း သို့ သေ နတ်ြ ဖင့် ပစ် ခတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ဆက်လက်၍ ယာဉ်မောင်း ဦးဇော်လင်းထူး အားဆက် လက်ပစ်ခတ်ရာ ပါးစပ်ဒါဏ်ရာရရှိပြီး၊ သထုံခရိုင်ပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည် သူ့ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ရာ ဇွန်လ (၉) ရက် နံနက်ပိုင်း တွင်သေဆုံးခဲ့ကြောင်း သိရှိရသည်။
အခင်းဖြစ်ရာနေရာသို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူး၊ သထုံမြို့နယ်ရဲတပ်ဖွဲ့ မှူး နှင့် တပ်ဖွဲ့ဝင်များရောက်ရှိပြီး တရားခံများ အချိန်မီ ဖမ်းဆီးရမိရေးကိုဆောင်ရွက်လျက် ရှီကြောင်းနှင့် နယ်မြေခံ တပ်မတော်ကလည်း နယ်မြေ လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရှိရပြီး သထုံမြို့နယ် မြို့မရဲစခန်းမှ ပ/၉၀/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၉၆)အရ တရားလိုပြု အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment