Saturday, May 25, 2013

စီးပွားရေး ပိတ်ဆို့မှုအပြီး ၀င်ရောက်လာသည့် အမေရိကန် အခြေစိုက် GE ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်

Photo: စီးပွားရေး ပိတ်ဆို့မှုအပြီး ၀င်ရောက်လာသည့် အမေရိကန် အခြေစိုက် GE ကုမ္ပဏီ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်

စီးပွားရေး ပိတ်ဆို့မှုအပြီး ၀င်ရောက်လာသည့် အမေရိကန် အခြေစိုက် General Electric ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ပြီး ဖြစ်ကြောင်း မေလ ၂၃ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယမ်ဟိုတယ်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် GE ၏ အာဆီယံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr. Stuart L Dean ကပြောကြားသည်။

GE ကုမ္ပဏီအနေဖြင့် အာဆီယံဒေသအတွင်း မြှုပ်နှံမှုများအနက် မြန်မာနိုင်ငံသည် ကိုးနိုင်ငံမြောက်ဖြစ်ပြီး အာဆီယံနိုင်ငံများတွင် အလျင်မြန်ဆုံး တိုးတက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း Mr. Stuart L Dean က ဆိုသည်။

GE အနေဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် အဓိက ဈေးကွက်ချဲ့ထွင်နေပြီး အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး စသောကဏ္ဍများတွင် မြန်မာအစိုးရနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း Mr. Stuart L Dean က ပြောကြားသည်။

''အမေရိကန်နိုင်ငံက လုပ်ငန်းကြီးတွေ မြန်မာနိုင်ငံအတွင်း ၀င်ရောက်နေသလို ဂျပန်က လုပ်ငန်းတွေကလည်း မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ဝင်ရောက်နေပါတယ်။ အမေရိကန်နဲ့ ဂျပန်က ပြိုင်ဘက်အသွင်ဆောင်တယ် ဆိုပေမယ့် လုပ်ငန်းအပေါ် ချဉ်းကပ်ပုံ ကွာပါတယ်။ ဂျပန်လုပ်ငန်းရှင်တွေက အစိုးရကို အားထားလေ့ ရှိတဲ့အတွက် စီမံကိန်းကြီးတွေ လုပ်ခွင့်ရလေ့ ရှိပါတယ်။ အမေရိကန် ကုမ္ပဏီတွေက ဈေးကွက်ကို အဓိကထားပြီး ပုဂ္ဂလိက လုပ်ငန်းတွေကို လုပ်ပါတယ်။ GE အနေနဲ့ မိတ်ဖက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ တိုးမြှင့်အောင် ပူးပေါင်းလုပ်ဆောင်ပါမယ်'' ဟု Mr. Stuart L Dean က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နိုင်ငံ အခြေစိုက် General Electric ကုမ္ပဏီမှ GE Foundation ထူထောင်ပေးနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။ စီးပွားရေး ပိတ်ဆို့မှုများအပြီး ပထမဆုံး ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း Mr. Stuart L Dean က ပြောကြားသည်။

''ကျွန်တော်တို့ GE ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပေးအပ်ဖို့ ရှိပါတယ်'' ဟု Mr. Stuart L Dean က ဆိုသည်။

မြန်မာနိုင်ငံအတွင်း တရားဝင်ရုံးခွဲ ဖွင့်လှစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဝေ)

စီးပွားရေး ပိတ်ဆို့မှုအပြီး ၀င်ရောက်လာသည့် အမေရိကန် အခြေစိုက် General Electric ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခန်း ဖွင့်လှစ်ပြီး ဖြစ်ကြောင်း မေလ ၂၃ ရက်က ရန်ကုန်မြို့ရှိ ချက်ထရီယမ် ဟိုတယ် ၌ ပြု လုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် GE ၏ အာဆီယံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr. Stuart L Dean ကပြောကြားသည်။
GE ကုမ္ပဏီအနေဖြင့် အာဆီယံဒေသအ တွင်း မြှုပ်နှံမှုများအနက် မြန်မာနိုင်ငံသည် ကိုးနိုင်ငံမြောက်ဖြစ်ပြီး အာဆီယံနိုင်ငံများ တွင် အလျင်မြန်ဆုံး တိုးတက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း Mr. Stuart L Dean က ဆိုသည်။
GE အနေဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် အဓိက ဈေးကွက်ချဲ့ထွင်နေပြီး အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး စသော ကဏ္ဍ များတွင် မြန်မာအစိုးရနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင် မည်ဖြစ်ကြောင်းMr.StuartLDeanက ပြောကြားသည်။''အမေရိကန်နိုင်ငံကလုပ်ငန်းကြီးတွေ  မြန် မာနိုင်ငံအတွင်း ၀င်ရောက်နေသလို ဂျပန်က လုပ် ငန်းတွေ  ကလည်း မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ဝင်ရောက်နေပါတယ်။ အမေရိကန်နဲ့ဂျပန်က ပြိုင်ဘက် အသွင်ဆောင်တယ် ဆိုပေမယ့် လုပ်ငန်းအပေါ် ချဉ်းကပ်ပုံကွာပါတယ်။ ဂျပန်လုပ် ငန်းရှင်တွေက အစိုးရကို အားထားလေ့ရှိတဲ့အတွက် စီမံကိန်းကြီးတွေ လုပ်ခွင့်ရလေ့ရှိပါတယ်။ အမေရိကန် ကုမ္ပဏီတွေ က ဈေးကွက်ကိုအဓိကထားပြီး ပုဂ္ဂလိကလုပ်ငန်းတွေကို လုပ်ပါတယ်။ GE အနေနဲ့ မိတ်ဖက် ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ တိုးမြှင့်အောင် ပူးပေါင်း လုပ်ဆောင်ပါမယ်'' ဟု Mr. Stuart L Dean က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်နိုင်ငံ အခြေစိုက် General Electric ကုမ္ပဏီမှ GE Foundation ထူထောင်ပေးနိုင်ဖွယ်ရှိကြောင်း ၎င်းက ပြော ကြားသည်။ စီးပွားရေး ပိတ်ဆို့မှုများအပြီး ပထမဆုံး ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံ အခြေစိုက် ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း Mr. Stuart L Dean က ပြောကြားသည်။
''ကျွန်တော်တို့ GE ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကြေညာချက်တစ်ရပ် ထုတ်ပြန်ဖို့ ရှိပါတယ်။ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပေးအပ်ဖို့ ရှိပါတယ်'' ဟု Mr. Stuart L Dean က ဆိုသည်။

No comments:

Post a Comment