Friday, May 17, 2013

မူဆယ်ရဲစခန်း မြောက်ဘက် ၆ ဖာလုံခန့် အကွာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

 ၂၀၁၃ခုနှစ်၊ မေ ၁၆ရက် ည ၉နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူဆယ် ရဲစခန်းမြောက်ဘက် ၆ ဖာလုံခန့် အကွာ ဟိုမွန် ရပ်ကွက်၊ သစ်တော ရုံးလမ်းရှိမြို့နယ်သစ်တောဝန်ထမ်း အိမ်ယာ ခြံဝင်း၏ အနောက်တောင် ဘက်ခြံစည်းရိုးနှင့်ကပ်လျက်အမှိုက် ပုံတွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါအခင်းဖြစ်ပွားရာသို့နယ်မြေ ခံ တပ်မတော်သား များနှင့် တာဝန် ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ ရာဆံပင်ရှည်အမျိုးသားအလောင်း
(၁)လောင်း (အမည်/ နေရပ် လိပ်စာ စိစစ်ဆဲ) ၀မ်းဗိုက် ပွင့်ထွက်ကာ ၀ဲခြေထောက်နှင့် ၀ဲဘက်လက် ကြေမွ ပြတ်တောက် ဒဏ်ရာများဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ ရှိခဲ့ရသည်။စစ်ဆေး တွေ့ရှိချက်များအရ သေဆုံးသူမှာ အဆိုပါ ဗုံးထောင်သူဟု ယူဆရကြောင်းနှင့် ၎င်းဖြစ်စဉ်အား တာဝန်ရှိသူများမှ ဆက်လက် စုံစမ်း ဖော်ထုတ် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။



From:မြ၀တီ

No comments:

Post a Comment