Saturday, May 25, 2013

ဂျပန်မှ မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ၉၈၀ ကို ကြေညာပေးဖို့ ရှိ

၃၆ နှစ်အတွင်း မြန်မာပြည်ကို ပထမ ဆုံး လာရောက် လည်ပတ်တဲ့ ဂျပန် ၀န်ကြီးချုပ်အနေရှင်ဇို အာေ ဘးဟာ ဒီနေ့ ညနေမှာ မြန်မာပြည်ကို ရောက်ရှိ လာပါတယ်။ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန်၊အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်၊ ဒါ့အပြင် ဂျပန် ကုမ္မဏီတွေကကူညီ ဆောက်
လုပ်ပေးနေ တဲ့သီလ၀ါ ဆိပ်ကမ်းနဲ စက်မှုဇုန်၊ စစ်အတွင်းက ကျဆုံး သွားတဲ့ ဂျပန်စစ်သားတွေ မြှုပ်ထားတဲ့သင်္ချိုင်းတို့ကို သွားရောက်လည်ပတ်ဖို့ ရှိပါတယ်၊
ဂျပန် ၀န်ကြီးချုပ်နဲ့အတူ စီးပွားရေးသမားတွေလည်း လိုက်ပါလာပြီး ရင်းနှီးမြုပ်နှံမူ ကိစ္စတွေ   ဆွေးနွေး နိုင် မယ့် အလားလာတွေ ရှိပါတယ်။မနှစ်တုန်းက ကမ္ဘာဘဏ်နဲ့ အာရှဖွံ့ဖြိုးရေး ဘဏ် ကို မြန် မာပြည်က တင်နေတဲ့ အကြွေး အမေရိကန် ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံကို ဂျပန်က ကြားဝင် ဆပ်ပေးဖို့ သဘောတူခဲ့ပါတယ်၊ သုံးရက်ကြာမယ့် ဂျပန် ၀န်ကြီးချုပ်ရဲ့ အခု ခရီးစဉ် အတွင်း မှာ မြန်မာပြည်အတွက် ဖွံ့ဖြိုးရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၉၈၀ ကို ကြေညာပေးဖို့ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

No comments:

Post a Comment