Friday, May 31, 2013

လာအိုနိုင်ငံက မြန်မာနိုင်ငံနှင့် လေကြောင်း အဆက်အသွယ် ပြန်လည် ပြုလုပ် မည်


Lao Air Lines
ဗီယင်ကျန်းနှင့် ရန်ကုန်ကြား ဆယ် စုနှစ် ၂ စုကျော်ကြာအဆက်အသွယ် ပြတ်နေခဲ့ပြီးေ
နာက် လာမည့် အောက်တိုဘာ လတွင် မြန် မာနိုင်ငံသို့လာအို လေကြောင်းကတိုက်ရိုက်ေ
လကြောင်း လိုင်း ပြန်လည် စတင် ပျံသန်း မည်ဖြစ် ကြောင်း၊မြို့တော်နှစ်ခုကြား လေ
 ကြောင်းဆက်သွယ်မှု ပြန်လည်ထူ ထောင်ခြင်ြး
ဖင့် ရင်းနှီး မြှုပ်နှံသူများ နှင့် ခရီးသွား ဧည့် သည်များ အတွက် တံခါးများ ပွင့်လာစေ မည်ဖြစ်ကြောင်း Laos Airlines ၏ Commercial Department ညွှန်ကြားရေးမှူး ဆာလီယမ်
တာယာရာသမ်က ဗီယင်ကျန်း တိုင်း(မ) သတင်းစာ သို့ ပြော ကြားခဲ့သည်။
“မြန်မာနိုင်ငံကို လေကြောင်းလိုင်း  ပြန်ဖွင့်ရတာက လာအိုနဲ့ မြန်မာကြား ခရီးသည် ပို့ဆောင်ရေးကို အထူး သဖြင့် ပစ်မှတ်ထား တာကြောင့် မဟုတ်ပါဘူး။ တရုတ်နိုင်ငံလို ကိုရီယားနဲ့ ဂျပန်လို တခြားနိုင်ငံတွေက တောင်းဆိုမှု ကို ကြည့်ပြီး လုပ်ရတာ ဖြစ်ပါတယ်”ဟု သူက ဆိုပါသည်။
ယခုလေကြောင်း လိုင်းသစ်မှာ မဲခေါင်ဒေသတွင်း အိမ်နီးချင်းနိုင်ငံ များအတွင်း ဆက်သွယ်ရေး ပိုမို ကောင်းမွန် ရေး အတွက် ထိုင်း၊ လာအို၊  မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက် နမ်နိုင်ငံတို့၏ အစီအစဉ်များမှ အစိတ် အပိုင်း တစ်ခုဖြစ်သည်။
လာအို လေကြောင်းလိုင်း၏ ရန်ကုန်သို့ ပျံသန်းမှုကို အကျိုးအမြတ် မရှိသဖြင့် ၁၉၈ဝ ခုနှစ်များတွင် ပိတ်သိမ်း ခဲ့သည်။ သို့သော် ယခုအချိန် တွင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံ သူများနှင့် ခရီးသွားများ၏ အကြိုက် နေရာဒေသ တစ်ခုဖြစ်လာသဖြင့် စီးပွား  ရေးအကျိုးအမြတ်ရရှိမည်ဟု ယုံကြည်ကြောင်း မစ္စတာ ဆာလီယမ်က ပြောပါသည်။
လာအိုလေကြောင်းလိုင်း သည် ဗီယင်ကျန်း ဖနွမ်းပင်လေကြောင်း ခရီးစဉ်ကို ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်ရန် လည်း စီစဉ်ထားသည်။ ယခု လောလောဆယ်တွင် အရှေ့တောင် အာရှတွင် ထိုင်း၊ ဗီယက်နမ်နှင့် စင်ကာပူတို့ သို့သာ ပျံသန်းပြေးဆွဲနေ သည်။ အဆိုပါ လာအိုနိုင်ငံပိုင်လေ ကြောင်းလိုင်းသည် ၂ဝ၁ဝ ခုနှစ်တွင်  ခရီးသည် ၅ဝဝ,ဝဝဝ ပို့ဆောင်ပေး ခဲ့ရာမှ ပြီးခဲ့သည့် နှစ်တွင် ၉ဝဝ,ဝဝဝ အထိ ခုန်တက်လာခဲ့ရာ ယခုနှစ်တွင် ခရီးသည် ၁ သန်း ပို့ဆောင်ပေးရန် မျှော်လင့်ထားသည်။
တစ်ချိန်တည်းတွင် မြန်မာ့လေ ကြောင်း Myanmar Airways International ကလည်း ရန်ကုန်နှင့် လာအို မြို့တော် ဟောင်း လွမ်ပရာဘန်တို့ အကြား လေကြောင်း လိုင်းတစ်ခု ဖွင့်လှစ်ရန် စိတ်ဝင်စားနေကြောင်း သတင်းများက ဆိုသည်။
Ref: bangkokpost.com

No comments:

Post a Comment