Friday, May 17, 2013

ရခိုင်ဒေသ မုန်တိုင်းအန္တရာယ် ကင်းရှင်း၊ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပြီ

 ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော် ဝင်ရောက်ကာအန္တရာယ်ပေးနိုင် သည့် အဆင့်အနီရောင်ရှိသည်ဟု သတိပေးမှုများ ပြုလုပ်ခဲ့ရသည့် မဟာဆန် မုန်တိုင်းသည် ယခု အ ခါ အန္တရာယ်မရှိသည့် အဆင့်သတ်မှတ်မှု အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ရခိုင်ကမ်း ရိုးတန်း တွင် မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားပြီဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၁၆ ရက် ည ၈း၃၀ အချိန်တွင် ထုတ်ပြန်လိုက်သည်။

“မုန်တိုင်းကတော့ အန္တရာယ်ကင်းရှင်းသွားပါပြီ။ အစိမ်းရောင် အခြေအနေကို ရောက်ရှိသွားပါပြီ။ အဲဒါကို ည ၈ နာရီခွဲမှာ ထုတ်ပြန်ထားပါတယ်” ဟု မိုး/ဇလ မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော် က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်း
မုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားပျော့ ပျက်ပြယ်သွားမည်ဟုခန့်မှန်းကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထိုမုန်တိုင်းသည် မေလ ၁၇ တွင် အားပျော့ ပျက်ပြယ်သွားမည်ဖြစ်ပြီး စိုးရိမ်စရာ မရှိတော့ကြောင်း လည်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်ကလည်း မဇ္ဈိမသို့ပြောသည်။


“မုန်တိုင်းက သုံးနာရီခွဲမှာ စစ်တကောင်းရဲ့မြောက်ဘက်အတွင်းဘက
် မောင်တောနဲ့ပိုဝေးတဲ့ ဘက် က ဝင်တယ်။ ဝင်ပြီးဒီညမှာ ကုန်းတွင်းပိုင်း ရောက်မယ်။ မနက်ဆိုရင် ပျောက်သွားမယ်လို့ မှန်းထား ပါတယ်။ အထွေအထူး စိုးရိမ်စရာမရှိဘူး” ဟု ဆိုသည်။

တိုက်ခတ်သွားသည့်မုန်တိုင်းကြောင့်အသက်အန္တရာယ်ကြုံတွေ့ရသည့်အခြေအနေမရှိခဲ့ဘဲအန္တရာယ် မရှိတော့ဟုလည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင် ရေး သားထား သည်။


မုန်တိုင်း မတိုင်မီ ရက်များအတွင်း အန္တရာယ်ရှိသည်ဟု ယူဆရာသည့် ဒေသတွင်းရှိ ဒုက္ခ သည် များ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခြင်း၊စားနပ်ရိက္ခာများ ပြင်ဆင်ကာကူညီရန် လည်း ပြင် ဆင်နေ ခဲ့ကြ သည်။ အစိုးရကလည်း ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးစီး၍ မုန်တိုင်းကြောင့် ဒုက္ခရောက် မည့်သူများကို ကူညီရန် ပြင်ဆင်ခဲ့ကြသည်။

No comments:

Post a Comment