Saturday, April 27, 2013

နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခု ဖွင့်ရန် ဦးသိန်းစိန်နှင့် ယင်းလတ် သဘောတူ

ဒုတိယအများဆုံး နယ်စပ်ကုန်သွယ်ဖက် နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်ရန် အတွက် မြန် မာ-ထိုင်းနယ်စပ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းသုံးခု ဖွင့်လှစ်ရန် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီး ချုပ် ယင်းလတ်ရှင်နာဝပ်ထရာတို့ သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း Bangkok Post သတင်း စာ တွင် ဖော်ပြထားသည်။
ယင်းသဘောတူညီမှုကို ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသည့် (၂၂)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးတွင် မြန်မာ သမ္မတဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာတို့ သီးခြားတွေ့ဆုံ မှုမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
သဘောတူညီမှုအရ ဖွင့်လှစ်မည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှာ ကရင် ပြည်နယ်ရှိ ဘုရားသုံးဆူ နယ်စပ် ကုန်သွယ် ရေးစခန်း၊ ထားဝယ်ခရိုင် မေတ္တာမြို့နယ်ခွဲ အတွင်းရှိ ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်း နှင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် အတွင်းရှိ မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းတို့ ဖြစ်သည်။
ဘုရားသုံးဆူတွင် နယ်စပ်ကုန်သွယ် ရေးစခန်းဖွင့်ပါက ထိုင်းနိုင်ငံ ကန်ချာနာဘူရီ မြို့နှင့် ဆက်သွယ်နိုင် ပြီး မောတောင် နယ်စပ် ကုန်သွယ်ရေးစခန်းကမူ ယခင်ကကဲ့သို့ မြိတ် ရေထွက်ကုန်များကို ကော့သောင်းမှ တစ် ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေကြောင်းဖြင့် ၁ဝ နာရီကြာပို့ဆောင်ရန် မလိုတော့ဘဲ ကုန်းလမ်းဖြင့် မောတောင်မှ တစ်ဆင့် ဘန်ကောက် သို့ တိုက်ရိုက်တင်ပို့နိုင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံ အကြား နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို အာဆီယံ စီးပွားရေးအသိုက်အဝန်း ဝင်ရောက် မည့် ၂၀၁၅ ခုနှစ်တွင် သုံးဆမြှင့်တင်မည်ဖြစ်ေ ကြာင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့က ထိုင်းနိုင်ငံ တွင်ပြုလုပ်သည့် ဆဋ္ဌမအကြိမ် မြန်မာ-ထိုင်းကုန်သွယ်ရေး ပူးတွဲကော်မရှင် အစည်းအဝေး တွင် နှစ်ဖက်သဘောတူညီခဲ့ ကြသည်။

လက်ရှိတွင် ထိုင်း-မြန်မာနယ်စပ်၌ မြဝတီ၊ တာချီလိတ်၊ မြိတ်၊ ကော့သောင်း၊ နဘုလယ် အစရှိသည့် နယ် စပ် ကုန်သွယ်ရေး စခန်းငါးခုကို ဖွင့်လှစ်ထားပြီး ယင်းစခန်း ငါးခု၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွက် ကုန် သွယ်မှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၆၈၁ သန်းကျော်ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

No comments:

Post a Comment