Saturday, April 27, 2013

နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်ရန် ဆုံးဖြတ်ထားမှု မြောက်ကိုရီးယား ထုတ်ဖော် ပြောကြား

  ဆိုးလ် ဧပြီ ၂၆။ မြောက်ကိုရီးယား   နိုင်ငံသည်ဧပြီ၂၅ရက်ကကျေ
ရောက် သည့်(၈၁)နှစ်မြောက် တပ် မတော်နေ့  အခမ်းအနား၌ မြောက် ကိုရီးယား  ခေါင်းဆောင်ကင်ဂျုံ အွန် သည်  မြောက် ကိုရီးယား နိုင်ငံ အား နျူကလီးယားအင်အားကြီး 
 နိုင် ငံအဖြစ် ရှုမြင် လာစေရေး ဆုံးဖြတ်ထားမှုအားထုတ်ဖော် ပြော ကြား ခဲ့ကြောင်း သိရ သည်။ အမေရိကန် နိုင်ငံနှင့် ပြည်ပရှိ ၎င်း၏စစ် အခြေစိုက် စခန်းများအား ဒုံးကျည်ဖြင့် တိုက်ခိုက်မည့် အစီအ စဉ်နှင့် ပတ်သက် ၍ ကင်ဂျုံအွန်အား နိုင်ငံ့ ခေါင်းဆောင်ကြီး အဖြစ် သတ် မှတ် ခေါ်ဝေါ်ခဲ့ကြောင်း သိရ သည်။ 
၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် ကျရောက်မည့် ကိုရီးယား စစ်ရပ်စဲရေး စာချုပ်သက်တမ်း နှစ်(၆ဝ) ပြည့် သည့် အ ချိန် တွင် မြောက်ကိုရီးယား နိုင်ငံ သည် နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် အမေရိ ကန် နိုင်ငံ၏ အသိ အမှတ်ပြု ခံရရေး ရည်မှန်း ထားကြောင်း သိရသည်။ 
မြောက်ကိုရီးယား နိုင်ငံသည် နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်းမှ နေ၍ ဒုံးကျည် များ ပစ်လွှတ်ရန် အတွက် အသင့်ပြင် ဆင် ထားဆဲဖြစ်ကြောင်း၊ တစ်ချိန်တည်း မှာပင် မြောက်ကိုရီးယား တာဝန်ရှိသူ များသည် အမေရိ ကန်၊ တောင်ကိုရီးယား နိုင်ငံတို့နှင့် ဆွေးနွေးမှု ပြုလုပ်ရန် အတွက် သတ်မှတ်ချက် များ ရေးဆွဲ ထားကြောင်းနှင့် အဆိုပါ သတ်မှတ်ချက် များတွင် အမေရိကန် - တောင်ကိုရီးယား ပူးတွဲ စစ်ရေး လေ့ကျင့် မှုများ ရပ်တန့်ရေး ဟူသည့် အချက် ပါဝင်ကြောင်း သိရသည်။
 
From: မြ၀တီ

No comments:

Post a Comment