Saturday, April 27, 2013

သူတို့ ဘာလုပ်နေကြသလဲ

တစ်ချို့ကတော့ နယ်စပ်ဒေသက
 တောတောင်တွေထဲမှာမိုင်းတွေ၊
 ချောင်းမြောင်းပစ်ခတ်မှုတွေ
ကို သတိ ထားရင်းလုံခြုံရေး ဆောင် ရွက်နေကြတယ်။ 
တစ်ချို့တွေကျတော့တပ်ရင်းက
ရဲဘော်၊ ရဲမေ မိသားစု အတွက်သာ မက သက်ဆိုင်ရာ နယ်မြေဒေသက လူတွေ စားသုံးနိုင်ဖို့ သီးပင်စား ပင်တွေ စိုက်နေကြတယ်။ 
တစ်ချို့တွေကျတော့ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက် အမျှဝေ ဆွမ်း သွပ်ဖို့ ကြိုးစားနေကြတယ်။ 
တစ်ချို့တွေကျတော့ စစ်သား ဖြစ်ခဲ့ခြင်းကြောင့် ရရှိလာတဲ့ ဒဏ်ရာတွေအတွက် ကျေနပ်အပြုံးတွေ နဲ့ ဆေး ရုံတွေ မှာ ကုသခံနေကြတယ်။ 
တစ်ချို့တွေကျတော့ ဒေသခံတွေရဲ့ အကျိုးအတွက် အပင်ပန်းခံ ပေးဆပ်ရင်း လူမှုရေးတွေ ကူညီနေကြ တယ်။ 
တစ်ချို့တွေကျတော့ မမျှော်မှန်းနိုင်တဲ့ စစ်ပွဲတွေအတွက် ပြင်ဆင်လေ့ကျင့်မှုတွေ ကို ပြုလုပ်နေ ကြတယ်။ 
တစ်ချို့တွေကျတော့ စည်းမျဉ်းစည်းကမ်းတွေ ဖောက်ဖျက်ပြီး ပြည်သူနဲ့ တစ်သားတည်း ဖြစ်အောင် မနေဘဲ ရာဇ၀တ်မှုကျူးလွန်ခဲ့တာတွေကြောင့် စစ်အကျဉ်းထောင်တွေမှာ ဘ၀ကို ပေးဆပ်နေ ကြတယ်။ 
သူတို့အားလုံးဟာ ပြည်သူထဲက ပြည်သူ၊ ပြည်သူတွေအတွက် ပြည်သူ့အင်အားတွေ ဖြစ်တာကြောင့် ပြည် သူ တွေနဲ့ တစ်သားတည်း ဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ 
ဓာတ်ပုံ- အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာတပ်နယ်မှ တပ်မတော်သားများ ကျေး လက်နြေ ပည် သူ များ အား အခမဲ့ ရေလှူဒါန်းမှု လုပ်ဆောင်နေစဉ်

No comments:

Post a Comment