Friday, April 26, 2013

ဦးရွှေမောင်နှင့် ဘင်္ဂါလီ လွှတ်တော်အမတ် နှစ်ဦးကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေး

ဘူးသီးတောင် မဲဆန္ဒနယ်က လွှတ်တော် အမတ်ြ ဖစ်လာသည့် ဦးရွှေမောင် အပါအ၀င် ဘင်္ဂါလီ လွှတ်တော် အမတ်ကို နိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးနေကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်
 ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်
ကြီးဦးခင်ရီက ပြောကြားသည်။
နိုင်ငံသားလည်း မဟုတ် တိုင်းရင်းသားလည်း မ ဟုတ်ပဲလွှတ်တော်ထဲရောက်ရှိသောဦးရွှေမောင် အပါ အ၀င်လွှတ်တော်အမတ်သုံးဦး ကို ပြည်ထောင်စု ရွေးကောင်ပွဲကော်မရှင်နှင့်လွှတ်တော်က စစ်ဆေးပြီး ပြည်သူလူထု ကျေနပ်အောင်ရှင်းပြရန်အစီစဉ်ရှိမရှိ ရခိုင်တိုင်း ရင်းသား စာရေး ဆရာ ဦးခိုင်အောင်ကျော်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အဆိုပါဝန်ကြီးနှင့် တွေ့ဆုံ စဉ် မေးမြန်း လိုက် သည့် အပေါ် ဦးခင်ရီက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။
”မှန်ခြင်း -မမှန်ခြင်းအလီဘိုင်နဲ့ ပြရမှာဖြစ်ရတဲ့ ကိစ္စတခုဖြစ်တာကြောင့် ကျနော်တို့ ဘက် က ယောင်ဝါး ၀ါးနဲ့ လုပ်လို့ မရပါဘူး၊ သေသေချာချာအထောက်အထားနဲ့ စစ်ဆေးလျှက်ရှိပါ တယ်” ဟု ဦးခင်ရီက ရှင်းပြ သည်။ 
၎င်းတို့ကို စစ်ဆေးပေးရန် သင်္ကြန် မတိုင်မီက တိုင်စာ ရရှိခဲ့သဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

No comments:

Post a Comment