Tuesday, April 30, 2013

အမျိုးသမီးများနှင့် ပတ်သက်သော စစ်သားများအတွက် ထူးခြားသည့် အရေးယူမှုများ

တပ်မတော်သားဆိုတာပြည်သူတွေထဲကလာတာပါ

အရပ်ထဲမှာအနဲဆုံးလူတွေနဲ့၁၈နှစ်နေပြီးမှတပ်မတော်ထဲရောက်လာရတာပါ

အပျိုမိန်းကလေး တစ်ယောက်၊ စစ်သားဘေး က ဖြတ်လျှောက်လျှင် မကြောက်ပါနဲ့။ မလန့် ပါနဲ့။ ကိုယ်ဟန် ပျက်ေ လာက်အောင် ကိုယ်နှုတ် အမူအယာလုပ်သည်နှင့်ပြစ်မှုပုဒ်မ(၅၀၉)အရ
 ထောင် ဒဏ် (၁)နှစ် အပြစ် ပေး ခံရဖို့ ဥပဒေ ကပြဌန်းထားပါတယ်။သားပြောမယားပြော
 ပြောတာ၊ အိမ်မှာနေတုန်း လာေ ချာင်း တာ တို့ ဆိုလျှင်တော့အဆစ်တွဲစစ်ဘက်ဥပဒေ လေး
တွေ ပါ ထည့်ပေါင်းပြီး ထောင် ၅ နှစ် အထက် ကျေ စလောက် သည့် ဥပဒေ ရှိပါတယ်။ 
ဒါကဥပမာတစ်ခုပါ။စစ်သားတစ်ယောက်အမှုဖြစ်သည့် အခါတွင် စစ်ဘက်ဥပဒေကော၊ အရပ်ဘက် ဥ ပဒေ ပါ (၂)မျိုးလုံးနှင့် အရေး ယူ ခံရသည်ဟူသော စကားကို စစ်သားများထံမှ အကြိမ်ကြိမ် ကြားဖူး ကြ မည်။ သို့သော် စစ်သားနှင့် ဆိုင် သော အမှုကို တပ်တွင်းမှာပင် စစ်ဆေး သဖြင့် ပြည် သူများအနေဖြင့်သက်သာအောင်လုပ်လိမ့်မယ်၊အပြစ်လွှတ်ပေးလိမ့်မယ်ဆိုသည့် အမြင်များ ဖြစ်ကြ သည်။အမှန်တွင်တော့စစ်သားများဆိုသည်မှာစစ်ယူနီဖောင်းကိုဝတ်ဆင်လိုက်သည်နှင့် စောင့်ထိန်းရ မည့် စည်း ကမ်းတွေ က စဉ်းစား လိုက်ရင်တောင် အိပ်မပျော်နိုင်လောက်အောင် ရှိပါတယ်။ 
မိန်းကလေး တစ်ယောက်ကို တွေ့လို့ ရည်းစားစာပေးတာ၊ အလိုမတူဘဲ နမ်းတာ၊ လမ်းပိတ်စ ကား ပြောတာ မျိုး ဆိုရင်တော့ ပုဒ်မ(၃၅၄) အရ ထောင် ၂ နှစ်အထိ ကျစေပါတယ်။ လူပျို စစ်သား တစ်ယောက်နဲ့ရည်းစားဖြစ်လို့လက်လွန် ခြေလွန်ဖြစ်ကာမှမယူပါဘူးလို့ဆိုလာရင်တော့ပုဒ်မ(၄၁၇)၊  (၄၉၇)နဲ့ တပ်မတော် ဥပဒေ ပုဒ်မ ၄၁(င) အရ ထောင် ၁ နှစ်မှ ၅ နှစ် အထိ ကျစေပါတယ်။ သူများ မယားကြာခိုလို့ကတော့ ဥ ပဒေ ပုဒ်မ(၇၁)နဲ့ နယ်ဘက် ပုဒ်မ(၄၉၇) အရ ခြွင်းချက်မရှိ ထောင်(၅)နှစ် အတိပါပဲ။ 
စစ်သားတစ်ယောက်အတွက် လုပ်သင့်တာကို မလုပ်ရင်၊ မလုပ်သင့်တာကို လုပ်ရင် စစ်စည်းကမ်းနဲ့ ထိရပါလိမ့်မယ်။ဘယ်လိုအနေအထားပဲ ဖြစ်ဖြစ်စစ်သည်တော်တိုင်းတစ်ဦးချင်းအနေဖြင့် ပြုကျင့်ရ မယ့် ကျင့်ဝ တ်တွေ ထဲမှာ မိန်းကလေးများနှင့် ကင်းကင်းရှင်းရှင်း နေပါလို့ ပွင့်ပွင့်လင်းလင်းကို သ တိပေးထားပါတယ်။ လိုက်နာ ရ မယ့် စည်းကမ်းတွေကို မလိုက်နာတဲ့ စစ်သားတွေအတွက် စစ်စည်း ကမ်းက အဆင်သင့် အရေး ယူဖို့ စောင့်နေ တာပါ။ 
ဒီလို ဥပဒေတွေရဲ့ အကျိုးသက်ရောက်မှု အကောင်းအဆိုးတွေကိုတော့ အများအားဖြင့် စစ်ဗိုလ် များက ခံရ တတ် ပါတယ်။ စစ်ဆင်ရေး ထွက်ရင်ထွက်၊ မထွက်ရင် တပ်တွင်းမှာ လုံခြုံရေးတာဝန် ထမ်းဆောင်၊ သင် တန်း တွေ တက်ရနဲ့မို့ စစ်သားစစ်ဗိုလ်များဟာ မိန်းကလေးများနဲ့ ထိတွေ့ဆက် ဆံဖို့ အင်မတန် ခဲယဉ်း ကြပါ တယ်။ ဒီ အချိန်မှာ အခွင့်အရေးယူတတ်တဲ့ အမျိုးသမီးတွေလည်း အများကြီးရှိခဲ့ပါတယ်။ဥပမာတစ်ခုပြောရလျှင်မိန်းကလေးတစ်ယောက်ဟာရည်းစားတွေ ပွေရှုပ်တယ်၊ ဒီထဲမှာမှ စစ်ဗိုလ် တစ်ယောက် ပါတယ်၊ ပွေရှုပ်မှန်း သိ တော့ စစ်ဗိုလ်က လက်မထပ်ချင်ဘူး၊ ကျန် တဲ့ သူတွေလည်း လက်မထပ်ချင်ဘူး။ ဒါပေမယ့် စစ်ဘက် ဥပဒေ ရှိတဲ့ စစ်ဗိုလ်ကို အတင်းလက် ထပ်ခိုင်းတယ်။ လက်မထပ်ဘူးပြောတော့ တိုင် တယ်။ တိုင်တော့ စစ်ဗိုလ်က ထောင်ကျပါတယ်။ တစ်ချို့စစ်ဗိုလ်များကတော့လျော်ကြေးနင့်နေအောင်ပးရပါတယ်။ လျော်ကြေးတွေပေး၊  ထောင်တွေ ကျပြီး ၂ လ ၃ လ မှာတော့ မိန်းကလေးရဲ့ လက်ထပ်ပွဲ သ တင်း၊ သတင်းစာ မှာ ပါလာပါတယ်။ 

ဒီလိုပဲ မကောင်းတာ လုပ်စားတဲ့ အမျိုးသမီးတွေက စစ်စည်းကမ်းကို အသုံးချပြီး စစ်ဗိုလ်တွေကို အရ ယူခဲ့ ဖူးတဲ့ ဖြစ်စဉ်တွေလည်း ရှိဖူးပါတယ်။ ဒါပေမယ့် တပ်မတော် ဥပဒေမှာ ခုခံပိုင်ခွင့်တွေ လည်း ရှိပါတယ်။ တ ရား ဥပဒေ အရ ခုခံချေပနိုင်မှုတွေကြောင့် ဆိုးဆိုးရွားရွား မဖြစ်ခဲ့ရင်တောင် မိန်းကလေးများနှင့် ပတ် သက်ပြီး အရှုပ်အရှင်း ဖြစ်တယ် ဆိုတာကြောင့် စစ်မှုထမ်းသက်လျော့ခြင်း အစရှိတဲ့အရေးယူမှုတွေရှိတာမို့ စစ်သားများဟာ လူငယ် သဘာဝ ချစ်ကြိုက်ကွဲငြားတောင် သာမန် အရပ် သားပြည်သူနဲ့ ထိန်းသိမ်း ရပုံ ချင်း မတူညီပါဘူး။ 

စစ်သားတွေကိုစစ်တဲ့စစ်ခုံရုံးဆိုတာကလဲ ပေါ့ပေါ့တန်တန်မဟုတ်ပါဘူး။လူများတွေ လာကြည့်တဲ့အ ခါမှာ တော့ ထိုင်ခုံရှေ့မှာ ရပ်နေ၊ထိုင်နေတဲ့ လူတစ်ယောက်ကို လူကြီးတွေက စစ်မေးတဲ့ သာမန် တရားရုံး တစ် ခု က စစ်ဆေးပုံလို့ ထင်ရပေမယ့် တိကျလေးနက်တဲ့ လုပ်ဆောင်ချက်တွေ ရှိနေပါ တယ်။ ခုံရုံးတစ်ခုဖွဲ့ပြီး အပြစ်ပေး ဆုံးဖြတ်တာ မှားယွင်းခဲ့ရင် စစ်ဆေးတဲ့ အရာရှိကြီး မှာ ပြစ်မှု ပြန်မြောက်တာမို့ တာဝန်ပေးခံရတဲ့ ခုံရုံး စစ်ဆေး သူ မှန်သမျှ အလျော့ပေးတယ် ဆိုတာ မရှိနိုင်ပါဘူး။ 

လတ်တလော ပြည်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ကြည့်ရင် တပ်မတော်သား(၃)ယောက် လောလော ဆယ် မသ င်္ကာ မှုနဲ့ စတင် အစစ်ဆေးခံရပါပြီ။ ပြစ်မှု မြောက်ခဲ့တယ် ဆိုရင် အရပ်ဘက် ဥပဒေ၊ စစ် ဘက် ဥပဒေ အရ အရပ် သား လူသတ်ပစ္စည်းလုလို့ ခံရတဲ့ ပြစ်ဒဏ်ရဲ့ ၂ ဆ ဖြစ်ပါ လိမ့် မယ်။ ပြစ်မှု မမြောက်ခဲ့ရင်တော့ တာဝန်ချိန် စည်းကမ်း၊ စစ်မှုထမ်း စည်းကမ်းတွေအရ သာမန် အရေး ယူ မှုမျိုးတွေကို ခံရပါအုံးမယ်။ 

ဒါကြောင့် စစ်သားဆိုတာဟာ ပြည်သူရဲ့ အင်အားပါ။ ဆိုးတဲ့သူ ရှိသလို ကောင်းတဲ့သူတွေလဲ ဒုနဲ့ ဒေးရှိပါတယ်။စစ်သားတစ်ယောက် မကောင်းတာဟာ စစ်တပ်ကြီး တစ်ခုလုံး မကောင်းတာ မဟုတ် ပါဘူး။စစ်သား တစ်ယောက် မကောင်းတာ မလုပ်ဖို့ တင်းကျပ်တဲ့ စည်းကမ်း တွေ ရှိပြီး ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်တဲ့ ခေတ်ကာလမို့တပ်နဲ့ပြည်သူ မြဲကြည်ဖြူ ဖို့ပဲ ထာဝရ မျှော် လင့် လျှက်ပါ။ 

No comments:

Post a Comment