Monday, April 29, 2013

ဟန်ဝင်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ ကပ်၍ ဖမ်းဆီးပြီ

လက်ပံတောင်း ဒေသတွင် ရွာသူရွာသားများ အကြား သွေး ထိုးမြှောက် ပင့်ကာ ဆူပူမှုများ ဖြစ်စေသည့် ဟန် ၀င်းအောင်နှင့် အဖွဲ့အား အလိုရှိသည် ကြော်ငြာများ နေရာ အနှံ့ကပ် ၍ ဖမ်းဆီးမှု စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

အစောပိုင်း ဝေငှခဲ့သည့်စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့၏ ကြေညာချက်၌ အမှုဖွင့်ခံရသူများကို သတင်းပေးတိုင်ကြားရန်ပျက်ကွက်သူများအား ထောင်ဒဏ်၆လအထိချမှတ်ခံရနိုင်ကြောင်း၊  ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၇၆ တွင် ပြဋ္ဌာန်းထားကြောင်း၊ သေဒဏ်ပြစ်မှု ကျူးလွန် သူကို လက်ခံထား ပါက ၅ နှစ်ထောင် ဒဏ်၊ တစ်ကျွန်း သို့မဟုတ် ၁၀ နှစ် ပြစ်မှုကျူးလွန်သူကို လက်ခံထား က ထောင် ဒဏ်၃နှစ်အထိ၊တစ်နှစ်နှင့် ဆယ်နှစ်အကြား ထောင်ဒဏ်ထိုက်သင့် သူကို လက်ခံထားပါ က ပြဋ္ဌာန်း ကာလ၏ ၄ ပုံ ၁ ပုံကို အပြစ်ေ ပးနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁၂ တွင် ပြဋ္ဌာန်း ထားကြောင်း ဖော်ပြထားသည်။

ဟန်ဝင်းအောင် နှင့် အဖွဲ့သည် အခွင့်အရေး အပြည့်အ၀ ရမည်ဟူသော မက် လုံးဖြင့် ရွာတစ်ရွာ အား စည်း ရုံး ထားပြီး အခိုင်အမာ အခြေချ နေထိုင်လျှက် ရှိကြောင်း သိရသည်။ ဆူပူသူများအား ဖမ်းဆီးနိုင်ရေးအတွက်ခရိုင်ရဲတပ်ဖွဲ့အားအတိုက်အခံပါတီကြီးတစ်ခုမှအကူအညီ ပေးလျှက်ရှိပြီး   ပြည်သူများ ကလည်း ပူးပေါင်း ဆောင်ရွက်လျှက် ရှိသည်။

No comments:

Post a Comment