Tuesday, April 23, 2013
ဝန်ကြီးဦးအောင်မင်းကခိုင်အောင်ကျော် ( နယူးယောက် )ကိုအလုပ်တခုပေး
နိုင်ငံတကာရောက် ရခိုင်လူမျိုးများက ကိုရဲမင်းဦးကို လွှတ်ပေးဖို့  သမ္မတဦးသိန်းစိန်ကို အိတ်ဖွင့်ပေးစာ ပေးနေစဉ်
အမေရိကပြည်ထောင်စုနယူးယောက်မြို့ မှာ
 မြန်မာနိုင်ငံအစိုးရ၀န်ကြီး ဦးအောင်မင်း-လူဝင် မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဦးစီး ဋ္ဌါန ၀န်ကြီးဦးခင်ရီဒုတိယရှေ့နေချုပ်ဦးထွန်းထွန်း
ဦး-နယူးယောက်သံအမတ်ဦးကျော်တင့်တို့ 
က မြန်မာမိသားစုတွေနဲ့  -၂၂-၄-၂၀၁၃- နေ့  လည်-၁-နာရီခန့် မှာ ကုလသမ္မဂ ရုံးချုပ်ရှေ့ -United Palaza -အဆောက်အဦး မှာ တွေ့ ဆုံပွဲ လုပ်ခဲ့ ပါတယ် ။ အဲဒီလိုတွေ့ ဆုံပွဲ ပြုလုပ်ရာမှာ မြန်မာ အစိုးရ၀န်ကြီးများကို တောင်းဆိုဆန္ဒပြတဲ့  ရခိုင်လူမျိုးတွေက အိတ်ဖွင့်ပေးစာ တစောင်ကို ထုတ်ပြန်ပေး ပါတယ် ။
ကျွန်တော်က နိုင်ငံတကာရောက် ရခိုင်လူမျိုးများရဲ့  အိတ်ဖွင့်ပေးစာကို ပြည်ထောင်စု သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းကို အခန်းအနားအပြီးမှာ သူကတဆင့် သမ္မတဦးသိန်းစိန်ဆီ ပေး ဖတ်စေ ဖို့  မေတ္တာရပ်ခံပြီး ပေးလိုက်တာဖြစ်ပါတယ် ။ ဒီစာမှာ အဓိကဖေါ်ပြထားတာကတော့ စီးပွါးရေး တက္ကသိုလ်ကျောင်းသား ကိုရဲမင်းဦးကို မတရားဖမ်းဆီးတာနဲ့  ပါတ်သက်ပြီး ချက်ချင်းလွှတ်ပေးဖို့ ၊ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို တိကျထိရောက်အောင် ဆောင်ရွက်ပေးဖို့  ၊ ၉၆၉-ကို ၀န်းရံပေးဖို့  ၊OIC-ကိုလုံးဝလက်မခံဖို့ နဲ့ ခိုးဝင်ဘင်္ဂလီကုလားလူမျိုးတွေအတွက်အဆောက်အဦးတွေ ဆောက်ပေး  တာကို မပြုလုပ်ဖို့  တင်ပြတောင်းဆိုထားတာဖြစ်ပါတယ် ။
ကျွန်တော်က အိတ်ဖွင့်ပေးစာပေးပြီး ၀န်ကြီးဦးအောင်မင်းနဲ့  လက်ဆွဲနုတ်ဆက် စကားပြောပြီး တဲ့ အခါ သူနဲ့ ကျွန်တော် စကားပြောကြတယ် ။
“ ဒီစာက သမ္မတဦးသိန်းစိန်ကို အောက်မှာဆန္ဒပြနေတဲ့  ရခိုင်လူမျိုးတွေက အိတ်ဖွင့်ပေးတဲ့ စာပါ ၊ ကျေးဇူးပြုလို့  ပေးပေးပါ ခင်ဗျား “
“ ခင်ဗျားက ကျနော့်ကို အလုပ်ပေးတယ်ဆိုတော့ ခင်ဗျားကိုလဲ ကျနော်က အလုပ်တခုပေးရမယ် “
ကျနော်က ပြန်ပြောလိုက်တယ်
“ ဘာအလုပ်လဲ ဗျာ “
“ ဟုတ်ကဲ့ - ကျနော်လဲ ရေးနေပါတယ် “
ခိုင်အောင်ကျော် ( နယူးယောက် )
Credit : Here
No comments:
Post a Comment